။ နှုတ်ဆက်တော့မယ် ။

။ များမကြာမီ၂၀၂၂ ခုနှစ်ကငါတို့ကို နှုတ်ဆက်တော့မယ်။ ။ ငါတို့သည်လည်း၂၀၂၂ ခုနှစ်ကိုစွန့်ခွာရတော့မယ်။ ။ ၂၀၂၂ ခုနှစ်မှာအကောင်း,အဆိုးအခက်အခဲဆင်းရဲချမ်းသာအဖြာဖြာတွေကိုမေ့ကျန်လပ်ခဲ့ရတော့မယ်။ ။ မေ့ကျန်လို့မရတဲ့အရာခပ်သိမ်းတွေကအမေ့တွေမေ့နေလို့မရတဲ့အတွေ့တွေပါ။ ။ မေ့များမေ့လို့မရတဲ့အမေ့တွေနေ့နေ့ညညမေ့မရနိုင်တဲ့အတွေ့အမေ့တွေ၂၀၂၂ ခုနှစ်ထဲမှာမေ့ထားလိုက်ရတော့မယ်။ ။ အဟောင်းအတိတ်တွေဆီကအကြောင်းအရိပ်တွေဆက်စပ်အားကောင်းနေတဲ့အကျိုးပုံရိပ်တွေတိတ်တိတ်လေးနဲ့ငါတို့ကို နှုတ်မဆက်တယ်။ ။ အနာဂတ်ကာလအသစ်အသစ်ဘက်ကိုဘဝင်အသစ်စိတ်နဲ့အတူပြိုင်တူနဲ့ဆက်ရဦးမယ်။ ။ အတိတ်ဆီကအနှစ်ရယ်ပစ်စက်ခဘဝထဲကအသစ်အသစ်ထဲကအနှစ်အနှစ်ရယ်နှုတ်ဆက်ထားပေမင့်ထာဝရနယ်ဘဝနယ်နဲ့နွယ်ဆက်သစ်တွေရှိကြဦးမယ်။ ။ နှစ်ဦးညွှတ်တော့မယ့်သည်နှစ်ကိုအဖြစ်ကူးရတော့မယ့်နှစ်သစ်ကို​ရွှင်ပျမြူးမြူးလေးနဲ့ပဲကူးခပ်ရတော့မယ်မဟုတ်လား။ ။ ဘဝလှေဘဝရေငါတို့တွေကူးခပ်နိုင်ကြပါစေလေ။ ​ဘုန်းသစ်ထူး(၁.၁၂.၂၀၂၂) ရက်နေ့။